သက်ရှည်ဆင်းလှ ချမ်းသာရ ဗလပညာတိုး။
ခြွေရံပေါသည် ရဲရင်.သည် တည်ကြည်စိတ်စိုးမိုး။
စားဖွယ်သောက်ဖွယ် ပေါများကြွယ် ရလွယ်ဆွမ်းလှူကျိုး။
မကောင်းမှုများ ရှောင်ရှားပယ်လေ
ကောင်းမှုတရား ဖြစ်ပွားစုံစေ
မိမိစိတ်ဓါတ် ဆွတ်ဆွတ်ဖြူစေ
ဤသုံးပါး ဘုရားဆုံးမပေ။
လောက၌ ပညာရှိသည် သူမမေးမူကား စည်ကြီးသဖွယ် ဖြစ်၏၊
သူတည်းမေးမူကား မိုးကြိုးသဖွယ် ဖြစ်၏။
လူမိုက်သည် မေးသော်၎င်း မမေးသော်၎င်း အခါခပ်သိမ်း များစွာလည်း ဟောတတ်ပြောတတ် သည်သာလျှင်တည်း။