Head Banner
   ဗုဒ္ဓသာသနံစိရံတိဋ္ဌထု
  လန်ဒန်ဝိဟာရ
 Grey Arrow  သီတင်းသုံးသံဃာတော်များ
 Grey Arrow  ၀ိဟာရ၏နောက်ခံသမိုင်း
 Grey Arrow  ၀ိဟာရ၏တည်နေရာ
 Grey Arrow  ၀ိဟာရ၏ အကျိုးဆောင်များ
 Grey Arrow  ၀ိဟာရသို့ ဆက်သွယ်ရန်
  အလှူဒါနပြုကြသူငါ
 Grey Arrow  ဆွမ်းဆက်ကပ် လှူဒါန်းသူများ
 Grey Arrow  ပစ္စည်းလေးပါးအလှူရှင်များ
 Grey Arrow  ၀ိဟာရပြုပြင်ရန်အလှူရှင်များ
 Grey Arrow  ၀ါဆိုသင်္ကန်းအလှူရှင်များ
 Grey Arrow  ကထိန်သင်္ကန်းအလှူရှင်များ
  စိတ်ဝင်စားစရာ
 Grey Arrow  ဓမ္မစာစောင်များ
 Grey Arrow  တရားတော်များနာယူရန်
 Grey Arrow  ရုပ်မြင်သံကြားတရားတော်များ
 Grey Arrow  ၀ိဟာရ၏ဓါတ်ပုံမှတ်တမ်းများ
 Grey Arrow  ၀ိဟာရ၏ဗီဒီယိုမှတ်တမ်းများ
 Grey Arrow  ရက်ရာဇာပြဿဒါးပြက္ခဒိန်
 
 
Left ဓမ္မသင်တန်း အမှတ်စဉ် (၆) Right
 
ကျနော်-ဘုန်းသျှံ
အင်္ဂလန်နိုင်ငံ လန်ဒန်ဝိဟာရကျောင်း. မုဒုံဆရာတော်သည်၊ ယခင်အပတ် စနေနေ့က ကုသိုလ်တစ်ပဲ ငရဲတပိဿာ ဆိုတဲ့ ခေါင်းစဉ်နဲ့ သင်တန်း ပေးခဲ့တာကို နဲနဲပြန်မေးပြီး ဒီတပတ်- ၁၂ . ၀၂ . ၂၀၁၁၊ စနေနေ့ ညမှာကတော့ ဗုဒ္ဓဘုရား ဟောကြားခဲ့တဲ့ သမ္ပဇဉ် (၄) ပါးကို သင်တန်းပေးပါတယ်။ အလွန်ပဲ စိတ်ဝင်စားဘွယ် ဖြစ်သလို ဘ၀မှာ မေ့မရအောင် မှတ်သားနားလည်ရမည့် သဘောတွေလဲ ပါပါတယ်။ ဆရာတော်က လေ့လာသူများ နားလည်အောင်လဲ ပြောတတ်သလို တစ်ခါတခါ ရယ်စရာကလေးတွေလဲ သက်ဆိုင်မှု ရောက်တိုင်း ထည့်ပြောတတ်လို့ လေ့လာရသူများ ငြီးငွေ့မသွားကြပဲ ရယ်မောကြရင်း စိတ်ရွှင်လမ်းစွာနဲ့ လေ့လာမှတ်သား ကြရပါတယ်။ ဒီနေ့ ကျနော်တို့ ဓမ္မသင်တန်းမှာ အမျိုးသား (၂) ယောက်နဲ့ အမျိုးသမီး (၁၁) ယောက် တက်ရောက် လေ့လာကြပါတယ်။ ဒီတပတ်စနေ သင်တန်းမှာ ကျနော် လေ့လာမှတ်သားမိသလောက် ပြောရရင်

၁။ သာတ္ထက သမ္ပဇဉ်။ ၂။ သပ္ပါယ သမ္ပဇဉ်။ ၃။ ဂေါစရ သမ္ပဇဉ်။ (၄)။ အသမ္မောဟ သမ္ပဇဉ်လို့ သမ္ပဇဉ် (၄)ပါး ခွဲခြားပြောပါတယ်။ သတ္ထက သမ္ပဇဉ်နဲ့ သပ္ပါယ သမ္ပဇဉ်က လောကီနယ်မှာ အလွန်ကို အရေးပါတဲ့ တရားနှစ်ပါး ဖြစ်ပါတယ်။ သူတို့မပါရင် မရှိခဲ့ရင် လူသားလောကကြီး ဗြောင်းပြန်ဖြစ်သွား နိုင်တယ်လို့ ဆရာတော်က ဆိုပါတယ်။ ငရဲကလဲ နတ်ပြည်ဖြစ်သွားသလို နတ်ပြည်ကလဲ ငရဲဖြစ်သွားနိုင်ပါသတဲ့။ အဲဒီအကြောင်းအရာ တွေကိုတော့ အကျယ်မပြောပြပါဘူး နောက်ကြုံရင် ပြောမယ်လို့သာ စကားဦးသမ်းသွားခဲ့ပါတယ်။ လေ့လာသူတွေရဲ့ စိတ်အစဉ်မှာတော့ စွဲမှတ်ထားရမည့် စကားတစ်ခွန်းပါပဲ။

သာတ္ထက သမ္ပဇဉ်ဆိုတာ အကျိုးရှိ-မရှိကို သိတဲ့ဥာဏ်တဲ့။ သပ္ပါယ သမ္ပဇဉ်ဆိုတာ သင့်တော်- မသင့်တော် သိရမည့်ဥာဏ်လို့ ဆိုပါတယ်။ လောကကြီးမှာ အကျိုးရှိရင်တောင် လုပ်သင့်မလုပ်သင့် ပြောသင့် မပြောသင့် စဉ်းစား သုံးသပ်ရမယ်. တဲ့။ အကျိုးရှိတိုင်း လုပ်ချင်သလိုလုပ် ပြောချင်သလို ပြောလို့မရပါဘူး။ သင့်တော်မှ ဒါမှမဟုတ် သင့်တော်တဲ့ အချိန်အခါရောက်မှ လုပ်သင့် ပြောသင့်ပါတယ်ဆိုတဲ့ အကြောင်းများကို မိဘနဲ့ သားသမီး ဖြစ်စေဦးတော့ အချိန်အခါနဲ့ နေရာ ရွေးပြီးမှ ဆုံးမပါလို့လဲ ရှင်းပြပါတယ်။ မလုပ်ဆောင်သင့်ပဲ အကျိုးရှိနေတာပဲလို့ ဆိုပြီးတော့ လုပ်ခဲ့ရင် ပြောခဲ့ရင် အမှားတစ်ခုနဲ့အတူ နောင်တ တရားတွေ ရနေရတတ်တယ်လို့ ဆုံးမပါတယ်။ ဥပမာတွေပေးပြီး ဆရာတော် ရှင်းပြတာများ၊ ပစ္စည်းတစ်ခုကို ကိုင်ပြသလို အရာဝတ္ထု တစ်ခုကို ဖွင့်ပြလိုက်သလိုပါပဲ။ ပိတ်နေတာတွေ ပွင်းသွားသလိုကို ခံစားလိုက်ရပါတယ်။

သာတ္ထက သမ္ပဇဉ်ပြီးရင် သပ္ပါယ သမ္ပဇဉ်ကို အမြဲလိုက်ရမယ်. တဲ့။ အကျိုးရှိမရှိ စဉ်းစားပြီးရင် သင့်တော်မသင့်တော် ထပ်ပြီးစဉ်းစားဖို့ကို ဆိုလိုတာပါ။ သင့်တော်ပေမဲ့ အကျိုးမရှိပြန်ရင် အချိန်ကုန် လူပင်ပန်း ငွေကုန်စိတ်မော ဖြစ်တတ်ပုံကိုလဲ ပြောပြပါတယ်။ အဲဒါကြောင့် လောကီနယ်မှာ မပါမပြီး မသုံးမဖြစ် တကယ်သုံးရမည့် တရားနှစ်ပါးလို့ ဆရာတော်က သင်တန်းပေးသွားတာပါ။ ဘုရားဖူးသွားကြရာမှာ ကောင်းကျိုးချမ်းသာ ရကြမှာဖြစ်ပေမဲ့ ဘုရားပွဲဖြစ်ခိုက် လူစည်ကားတဲ့ အချိန်မျိုးမှာ ရှောင်ကြဉ်သင့်ပါသတဲ့။ ဘုရားအာရုံပြုဖို့ လာသူကနဲနဲပါ လိပ်ဥတူးမဲ့သူက များများဖြစ်လို့ပါတဲ့။ အဲဒါကြောင့် မင်းတို့တစ်တွေလဲ ပျော်ချင်ရင်အာရုံငါးပါး ပေါတဲ့နေရာသွားကြ၊ ပျော်စရာတွေ ပျော်လို့မကုန်ဘူး အများကြီးရှိတယ်။ ဒီလိုကုသိုလ်ယူရမဲ့ နေရာမျိုးမှာ လောကီနဲ့ ပျော်ဖို့မစဉ်းစားကြပါနဲ့ အမြဲရှောင်ကြ၊ ဗုဒ္ဓဘာသာ ပီသစွာ ယဉ်ကျေးမှု ရှိကြပါလို့ ဆုံးမ ပေးပါတယ်။

ဂေါစရ သမ္ပဇဉ် ဆိုတာကတော့ ကျက်စားတဲ့ဥာဏ် ဖြစ်ပါတယ်. တဲ့။ ခန္ဓာငါးပါး- ရုပ်နာမ်တရားတွေအပေါ် သတိနဲ့ယှဉ်သော စိတ်ဖြင့် မပြတ် ကျက်စားမှုလို့ ပြောပါတယ်။ စိတ် ကျက်စားတယ်ဆိုတာ မိမိသဏ္ဍာန်မှာ ထင်ရှားပေါ်လာသော အာရုံတို့၌ မပြတ် ကျရောက်နေမှုပါပဲ. တဲ့။ (ရုပ်နာမ် ခန္ဓာတို့၌ စိတ်ကို မပြတ်ကျက်စားမှု) အဲဒါကို ဂေါစရ သမ္ပဇဉ်ဖြစ်တယ်လို့ ဆရာတော်က ရှင်းပြပါတယ်။ မဟာသတိပဋ္ဌာန သုတ်တော်မှာ (သမ္ပဇညပဗ္ဗ) သမ္ပဇညပိုင်းလို့ ရှုပုံမှတ်ပုံ နည်းစုံအောင် ဘုရားရှင် ဟောပြထားပါတယ်. တဲ့။ အဲဒီမှာ အထူးပြတာက ဂေါစရသမ္ပဇဉ်ပါပဲ၊ ရှည်ရှည်များများ ရှင်းရှင်းလင်းလင်း သိချင်ရင်တော့ အနန္တကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီး ရေးသားခဲ့တဲ့ မဟာသတိပဋ္ဌာနသုတ် တရားတော်ထဲက၊ အဲဒီအပိုင်းကို လေ့လာပါ. တဲ့။

အသမ္မောဟ သမ္ပဇဉ် ဆိုတာကတော့ မတွေဝေပဲ သိတဲ့ဥာဏ်လို့ ဆိုပါတယ်။ ဒီအပိုင်းမှာ ၀ိပဿနာ ပါလာပါပြီ။ ဂေါစရသမ္ပဇဉ်တုံးက ရှုရုံသာ ရှုရသေးတာ ဥာဏ်မဖြစ်သေးပါဘူး. တဲ့၊ ၀ိပဿနာ ရှုတယ်လို့တော့ ပြောလို့ရပါတယ်၊ ၀ိပဿနာဥာဏ် ဖြစ်တယ် ဆိုတာကိုတော့ ပြောလို့ မရသေးပါဘူး. တဲ့။ ၀ိပဿနာဥာဏ် ဖြစ်လာဖို့၊ ရှေ့အကြောင်းတရားပဲ ဖြစ်ပါသေးတယ်။ အဲဒီ ဂေါစရသမ္ပဇဉ် အားကောင်းလို့လာမှ အသမ္မောဟ သမ္ပဇဉ်က ဖြစ်ရတာဖြစ်လို့ ဂေါစရသမ္ပဇဉ်က အကြောင်းတရား ၊ အသမ္မောဟ သမ္ပဇဉ်က အကျိုးတရားလို့ ခေါ်ရမှာပါ. တဲ့။

ဖြစ်ပေါ်တိုင်းသော ရုပ်နာမ်ခန္ဓာတွေကို မပြတ်ကြောင့်ကျစိုက်ပြီး ရှုမှတ်နေရင်းနဲ့ အာရုံပေါ်မှာ တည်ကြည်တဲ့ စိတ်အစဉ် ခိုင်လာပြီ၊ မြဲလာပြီ၊ အာရုံမှတ်စိတ်.. အာရုံမှတ်စိတ်.. အာရုံမှတ်စိတ်လို့ အတွဲလိုက် တစ်စုံတစုံ ကျကျလာပြီ ဆိုပါက၊ ပုဂ္ဂိုလ် သတ္တ၀ါအသိ၊ ငါသူတပါး ယောကျားမိန်းမအသိ၊ မရှိတော့ဘူးပေါ့။ သိနေတာက အာရုံရယ်၊ မှတ်တဲ့စိတ်ရယ်၊ ဒီနှစ်မျိုးကိုပဲ သိနေလေတော့၊ ငါတည်းဟူသောအစွဲ၊ ပုဂ္ဂိုလ်သတ္တ၀ါ တည်းဟူသောအစွဲ၊ ယောကျားမိန်းမဆိုတဲ့ အစွဲဒိဋ္ဌိ အဲဒီ အချိန်မှာ ပြုတ်တာပဲ။ ဒါကို ရုပ်နာမ်ကွဲတယ်၊ အစွဲကင်းတယ်၊ ဒိဋ္ဌိပြုတ်တယ်လို့ ဆိုရတာပါပဲ။ နာမရူပ ပရိစ္ဆေဒဥာဏ်လို့လဲ ခေါ်ရပါတယ်။ အမြဲတန်း ပြုတ်သွားပြီလို့တော့ မမှတ်ကြနဲ့ဦး။ ရှုမှတ်နေခိုက်၊ အာရုံမှတ်စိတ် ရှင်းရှင်းသိနေခိုက်၊ အဲဒီ အခိုက် အတန့်ကလေးကို ပြုတ်တာပါ။ ဆက်ပြီး မရှုမမှတ်ရင် ဒိဋ္ဌိက စွဲမြဲ စွဲပြန်တာပါပဲ. တဲ့။

ဆရာတော်က ဆက်ပြောပါတယ်။ ဒိဋ္ဌိစွဲလွတ်ဖို့ဆိုရာမှာ လွယ်လှတာတော့ မဟုတ်ဘူးနော်၊ ကျမ်းဂန်များမှာ ပြထားတာကတော့ မုန်ရစ်နေတဲ့ အစွယ်ကြီးကြီး ဆင်ပြောင်ကြီးသည် တွေ့လာသော ကြူထရံ တဲအိမ်ကလေးကို လွယ်လင့်တကူ ဖြိုဖျက် လိုက်သကဲ့သို့၊ တရားရှုမှတ်နေတဲ့ သူတော်စဉ်သည်လဲ.. အရိုးတွေသာ ငါ့ကိုယ်မှာ ကြွင်းကာကျန်ပါစေ၊ အရေပြားသာ ငါ့ကိုယ်မှာ ကြွင်းကာကျန်ပါစေ၊ အကြောတွေသာ ငါ့ကိုယ်မှာ ကြွင်းကာကျန်ပါစေ၊ ငါ့အသွေး ငါ့အသား လျှော့နည်းပါး ငြိုးသွားခမ်းခြောက် ကုန်ပါစေ၊ တရားမရသေးသမျှ ပေါ့ဆရပ်နား ငါမနေ ဆိုတဲ့ သမ္မပဋ္ဌာန်စိတ်နဲ့ ရှုမှတ်နေရမယ်။ အဲဒီလို ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း ကျင့်သုံးနိုင်ပါမှ၊ အားထုတ်နိုင်ပါမှ၊ ရှုမှတ်နိုင်ပါမှ၊ ဒိဋ္ဌိဆိုတဲ့ အစွဲက တကယ်ပြုတ်မယ်. တဲ့။ အစွဲပြုတ်မှ လုပ်လို့ကောင်းတယ် အစွဲမပြုတ်ရင် ဘာလုပ်လုပ် ဘာမှမကောင်းပါဘူး။ အစွဲကြောင့်ပဲ အလွဲတွေဖြစ်၊ အလွဲတွေ မြင်နေကြရတာ မဟုတ်လား. တဲ့။

ဆရာတော် ပြောတာက ရှင်းပါတယ်။ ကျနော်တို့ စားစရာတစ်ခုခု စားခဲ့ရရင်တောင် ဘယ်သူလုပ်တာက ကောင်းတယ် အခုစားရတာက မကောင်းဘူးလို့ အစွဲကြောင့် ပြဿနာပေါ်ပြီး ဒုက္ခရောက်တတ်တယ် မဟုတ်ပါလား၊ အများကြီးပါပဲ၊ ပြောမကုန်ပါဘူး။ လောကမှာ ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြစ်ကြရတာ ဒီအစွဲကြောင့်။ နောက်ပြီးတော့ မမြဲတာကို မြဲတယ်ထင်၊ မကောင်းတာကို ကောင်တယ်မြင်၊ သူ့သဘာဝ အတိုင်းဖြစ်တာကို ကိုယ့်သဘောအတိုင်း ဖြစ်တာပဲလို့ အမှားစွဲ အမှားသိ အမှာမြင် မြင်နေကြတာကလဲ ဟိုသံသရာကစ ဒီနေ့အထိ မဟုတ်လား။ အဲဒါကိုက အစွဲမပြုတ်လို့ဆိုတာ နားလည်ကြ. တဲ့။

တို့တတွေ အိမ်အပြန် ဘယ်လို ပြန်ကြမလဲတဲ့၊ ဆရာတော်က မေးပါတယ်။ ဆရာတော် မေးလိုက်တဲ့ အမေးကို ကျနော်စိတ်မှာ စောစောပဲ အဖြေတမျိုး ရှာထားပြီးသားပါ။ ဆရာတော်ရဲ့အမေးကို ကိုယ်သိသလို ဖြေလိုက်ဖို့ပေါ့။ အဲဒီနောက် ဆရာတော်က စာလေးတပုဒ် ဖတ်လိုက်ရဘူးတယ်. တဲ့။

ရုံးခန်းကြီးထဲမှာ စီးပွားရေး အောင်မြင်နေတဲ့ သူဋ္ဌေးကြီးတစ်ယောက်၊ စားပွဲကြီးပေါ်က စာရွက်တွေကို လှန်လှော၊ စုပုံ၊ နေရာချ၊ သူ့လက်အောက် လုပ်ကိုင်သူတွေကို စီမံခန့်ခွဲ၊ ပေးစရာရှိတာပေး၊ ခိုင်းစရာရှိတာခိုင်း၊ တယ်လီဖုန်းကို ပုခုံးနဲ့ နားရွက်ကြားမှာ ညှပ်ထားရင်း စကားပြော၊ သူ့ရဲ့ လက်ချောင်းကလေးတွေက ကွန်ပြူတာ လက်ရိုက် ကီးဘုတ်ပေါ်မှာ လိုအပ်တဲ့ စာလုံးကလေးတွေ ပေါ်လာဖို့ ဟိုပြေးဒီပြေးနဲ့။ ကိန်းဂဏန်းတွေ တွက်ချက်။ ပဋိညာဉ်တွေ လက်မှတ်ရေးထိုး။ ထွက်လာတဲ့ အမြတ်ငွေတွေကြည့်ပြီး သူဋ္ဌေးကြီးက ကြည်နူး ၀မ်းသာနေပါသတဲ့။ သူ့တစ်ဘ၀လုံးအတွက် အနာဂတ် မျှော်လင့်ချက်တွေ ချမယ်။ ပုံမှန်ဝင်ငွေနဲ့ လက်ရှိဘ၀ကို မွန်းမံ ချယ်သမယ်။ အမြတ်အစွန်းတွေ များစွာရဖို့အတွက် သူ့မှာ ရှေ့ဆက်ပြီး တိုးချဲ့လုပ်ကိုင်ရမည့် စီမံကိန်းတွေ ဆောင်းရွက်ရဦးမယ်။ လမ်းတံတားတွေ တည်ဆောက်၊ ဟော်တယ်ကြီးတွေ၊ ကွန်ဒိုကြီးတွေ တည်ဆောက်လို့၊ စီးပွားရေး အင်ပါယာ ကွန်ယက်ကြီးတစ်ခု မကြာခင်မှာ ရုပ်လုံး ပေါ်လာပါတော့မယ်. တဲ့။

နေပူကျဲတောက်။ ဆားငံဓာတ်တွေပါတဲ့ လေပြည်လေညှင်း။ အချက်ကျကျ ရိုက်ပုတ်နေတဲ့ လှိုင်းလုံးတွေနဲ့ ပင်လယ် ကမ်းခြေတနေရာ။ ချာတိတ်ကလေးတစ်ယောက် နေရိပ်က သဲပြင်မှာ ဒူးထောက်လို့နေတယ်။ သူ့ဘေးက ရေပုံးထဲ သဲတွေကိုထည့်။ ကျကျနန သိပ်ပြီးတာနဲ့ ပုံးကို သဲပြင် ပြန့်ပြန့်ပေါ်မှာ ပြန်ပြီးတော့ မှောက်ချလိုက်။ ပုံးကို မပြီး ထုတ်လိုက်ပါတယ်။ သူလုတ်နေတာက ရဲတိုက်မျှော်စင်တစ်ခု။ သူ့စိတ်ကူး ရှိသလို တည်ဆောက် နေတာပါ. တဲ့။ သူ့ရဲ့ စိတ်ကူးကြောင့် ဖြစ်ပေါ်လာတဲ့ ရဲတိုက်ကလေးကို ကြည့်ပြီးတော့ ဗိသုကာ ချာတိတ်ကလေးက ကြည်နူးဝမ်းသာလို့ နေပါသတဲ့။

လေအေးစက်ကြီးနဲ့ အလွန်ခန်းနားလှတဲ့ ရုံးခန်းကြီးထဲမှာ လုပ်ဆောင်ဆဲ လုပ်ငန်းတွေနဲ့အတူ ရှေ့ဆက်လုပ်ဆောင်ရန် အကောင်အထည် ဖေါ်နေတဲ့ စီးပွားရေး ပညာရှင်ကြီးရယ်။ နေပူကျဲကျဲ ပင်လယ်ကမ်းခြေမှာ ရဲတိုက်ဆောက်နေတဲ့. ဒီချာတိတ်ကလေးဟာ၊ တည်နေရာသာကွာတယ် ကိုယ့်လုပ်ရပ်ကို ကျေနပ်ဝမ်းမှုကတော့ အတူတူပါပဲလို့၊ ဆရာတော်က နိုင်းယှဉ်ကြည့်ဖို့ ပြောပါတယ်။

ချာတိတ်ကလေး ဆက်လုပ်နေမှာကတော့ သူ့ရဲတိုက် ပတ်လည်မှာ ခိုင်းခန့်တဲ့ တံတိုင်းတွေ တည်ဆောက်ဖို့ သဲတွေ ပုံနေဦးမှာ။ သစ်သား ဂေါ်ပြားကလေးနဲ့ ရဲတိုက်ပတ်လည်မှာ သဲတွေကော်ထုတ်လို့ ကျုံးတွေဆောက်ဦးမှာ။ သူရည်ရွယ်ချက်အတိုင်း ရှာရထားတဲ့ ပုလင်းဖုံးလေးတွေနဲ့ ရဲတိုက်မျှော်စင် အထက်ပိုင်းကို မွမ်းမံ ခြယ်သဦးမှာ။ တုတ်ချောင်းကလေးတွေနဲ့ တံတား လှလှကလေးတွေ ဆောက်ဦးမှာ။ ချာတိတ်ကလေးရဲ့ သဲနဲ့ဆောက်တဲ့ ရဲတိုက်ကလေး မကြာခင် အားလုံးပြီးလို့ ရုပ်လုံးပေါ်တော့မယ်နော်. တဲ့။

စီမံကိန်းချလို့ တည်ဆောက်နေသူ သူတို့နှစ်ယောက်မှာ တူညီတာတွေက များပါတယ်. တဲ့။ မိမိလုပ်တဲ့ အလုပ်ကို တဖြည်းဖြည်းခြင်း ခန့်ငြားထည်ဝါလာအောင် လုပ်ကြတယ်။ မမြင်ရသေးတာကို ရုပ်လုံးပေါ်လာအောင် လုပ်ဆောင်ရာမှာ ဇွဲလုံးလခြင်းလဲ တူကြတယ်။ မဖြစ်မနေ ဖြစ်အောင်ကျိုးစား လိုတဲ့ စိတ်ဓာတ်မှာလဲ တူကြတယ်။ နောက်ဆုံး တူညီစွာ မလွဲမသွေ ရင်ဆိုင်ကြရမှာကတော့ ဆားငံရေ ဒီလှိုင်း အတက်ပါပဲတဲ့။ ပြီးသွားရင်တော့ နှစ်ယောက်စလုံး တည်ဆောက်လာခဲ့သမျှ အဆုံးသတ် သွားပါတော့မယ်. နားလည် သဘောပေါက်ကြ ပါပြီလားတဲ့။ လုံးဝပျက်စီးသွားတဲ့ အချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ စိတ်ခံစားမှုက မတူကွဲပြား ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သွားပါလိမ့်မယ်လို့ ဆရာတော်က မိန့်ပါတယ်။ ဆရာတော် လိုချင်တဲ့အဖြေမှန်. ကျနော့စိတ်ထဲမှာ အခုမှ ရေးရေးတော့ ပေါ်လာနေပါပြီ။

ချာတိတ်ကလေး အိမ်ပြန်ဖို့ အချိန်ကျလာပြီ။ နေလဲစောင်းလာပြီ။ ညနေပိုင်း ဒီရေတွေလဲ တက်လာပြီ။ ပင်လယ်လေနဲ့အတူ လှိုင်းလုံးကလေးတွေကလဲ ကမ်းစပ်ကို တစ်ချက်တချက် ခုန်တက်ကစား လာကြပြီ။ ချာတိတ်ကလေး မတ်တတ်ရပ်လို့ အလှပဆုံးဖြစ်အောင် သူတည်ဆောက် ထားခဲ့တဲ့ ရဲတိုက်ကလေးကို စူးစိုက်စွာကြည့်နေတဲ့ အခိုက်။ ဒီရေအတက် လှိုင်းတစ်ချက် အခတ်မှာတော့။ ၀ါးမျိုလိုက်ပြီ၊ ပျက်သွားပြီ သူ့ရဲတိုက်လေး. တဲ့။ လှိုက်လို့ပျော်ရွှင် လက်ခုပ်ပင် တီးလိုက်သေးတယ်၊ ဟေး ဟေး တဲ့။

သူ့ရဲ့လုပ်ဆောင်ချက်တွေအပေါ် ချာတိတ်ကလေး နောင်တ ရမနေဘူး။ တမ်းတမနေဘူး။ ပျက်သွားမှာကို စိုးရိမ်စိတ်မဖြစ်ဘူး။ လွမ်းဆွတ် ငိုကျွေးပြီး မနေပါဘူး. တဲ့။ ဘာ့ကြောင့်တုန်း။ ဒီရေတက်ရင် သူ့ရဲတိုက် ပျက်မယ်ဆိုတာ ချာတိတ်ကလေး ကြိုသိထားတယ်လေ. တဲ့။ အဲဒါကြောင့် သူ့မှာအံ့သြမှု မဖြစ်သလို၊ ဒီအတွက် တုန်လှုပ်မှုလဲ မဖြစ်သွားပါဘူး. တဲ့။ ချာတိတ်လေးရဲ့ စိတ်သဘောကို သေချာမှတ်ထားကြနော်. တဲ့၊ ဆရာတော်က မှာပါတယ်။

သူဋ္ဌေးကြီး ခမျာမှာတော့၊ လောကဓာန် ဒီရေလှိုင်း တက်လိုက်တိုင်း နှစ်လများစွာ ဘ၀ကိုနှစ်မြုတ်ပြီး တည်ဆောက်လာခဲ့တဲ့ အရာခပ်သိမ်း၊ တစ်စတစ ပျက်စီးသွားလို့ ၀ါးမျိုခံရတာ တွေ့ရလေတော့ တုန်လှုတ်ခဲ့ရတယ်။ မရအရ ကုတ်ကပ်ကာကွယ်ဖို့ ။ လောကဓာန် ဒီလှိုင်းကို အံတုဖို့ကိုလဲ သူဋ္ဌေးကြီး ကျိုးစားတယ်။ ကျိုးစား အားထုတ်ရင်းဖြင့် နုတ်မှလဲ ငါပစ္စည်း။ ငါ့ဟာ ငါ့ဥစ္စာတွေလို့ အကြိမ်ကြိမ် အခါခါ အော်ဟစ်နေပါတယ်တဲ့။ ပျက်စီးတာခြင်း အတူတူ၊ ချာတိတ်ကလေးလို သူဋ္ဌေးကြီး ဘာကြောင့် မပျော်ရွှင်နိုင် တာလဲ၊ သဘောပေါက်ကြပါရဲ့လားတဲ့။

ကဲ.. အားလုံး ဒီဘ၀က သေပြီး၊ နောက်ဘ၀ ဇာတိဆိုတဲ့ အိမ်ကိုအပြန်၊ ဘယ်လို ပြန်ကြမလဲတဲ့ဗျာ။

သင်တန်းအဆုံးမှာတော့ လောကမှာ သူရောကိုယ်ပါ {အနိစ္စသဘော} ပျက်မှာကို ကြိုသိ၊ ကြိုမြင် ထားကြရင်၊ ဘ၀မှာ နေလို့လဲ အလွန်ကောင်း။ နောက်ဘ၀ ဇာတိအိမ်ကို ပြန်ရရင်လဲ ဘ၀ကောင်းကို ရပါသတဲ့ ။

ဆရာတော်ရဲ့ သင်တန်းပို့ချက်တွေကို မှတ်သားမိသလောက် တင်ပြရခြင်း ဖြစ်၍၊ လွဲမှားမှုရှိပါက ခွင့်လွှတ်နားလည်မှု ပေးကြပါရန်။

သတ္တ၀ါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာ ရှိကြပါစေ။

ကျနော် . ဘုန်းလျှံ

 
Left   Right
 
 Grey Arrow ဓမ္မစာစောင်များ
 Grey Arrow ဓမ္မသင်တန်း အမှတ်စဉ် (၇)
 Grey Arrow အဆုံးနဲ့ အစ
 Grey Arrow ရောင်စုံည မုဒိတာလမင်း
 Grey Arrow ဓမ္မသင်တန်း အမှတ်စဉ် (၆)
 Grey Arrow စိန်ရတုတိုင် မမေ့နိုင်ပါ
 Grey Arrow ဓမ္မစာစောင်များအပြည်.အစုံသို.
 Grey Arrow ဓမ္မကဗျာများ
 Grey Arrow ကျောင်းအဆောက်အဦအလှူ အကျိုးတရားများ
 Grey Arrow ကထိန်သင်္ကန်းအလှူ အကျိုးတရားများ
 Grey Arrow ဆွမ်းအလှူ အကျိုးတရားများ
 Grey Arrow ဓမ္မကဗျာများအပြည်.အစုံသို.
 Grey Arrow အခြားဖတ်စရာမှတ်စရာများ
 Grey Arrow အင်္ဂလန်ခရီး မပြီးသေးပါ (၂၃)
 Grey Arrow မွေးနေ့မှာ ပေးဖြစ်တဲ့ ကံလက်ဆောင် (၂)
 Grey Arrow ကွန်ပြူတာ၊ ကီးဘုဒ်နှင့် ကြောင်းကျိုးဆက် သဘောတရား
 Grey Arrow တံခါးဝက တရားပြတဲ့ ဂုဏ်ပြုမှတ်တမ်း
 Grey Arrow ငြိမ်းချမ်းခြင်းရသ
 Grey Arrow ဖတ်စရာများအပြည်.အစုံသို.
လန်ဒန်ဝိဟာရ၏ အင်တာနက်စာမျက်နှာများကို အမေ့အိမ် (မြန်မာအစားအစာ) မိသားစုမှ ဖန်တီးလှူဒါန်းပါသည်။
ရရှိသမျှ ကုသိုလ်အဖို့ ကို သြဂုတ်လ ၆ ရက်၊ ၂၀၀၁ နေ့ တွင်ကွယ်လွန်သွားခဲ့သော အမေ့အိမ်၏မိခင်ကြီး ဒေါ်ခင်သန်းနွဲ့ အတွက်ရည်စူးအမျှ ပေးဝေပါသည်။

  Copyright 2017 LONDON VIHARA™ REGISTERED CHARITY NUMBER 284619