Head Banner
   ဗုဒ္ဓသာသနံစိရံတိဋ္ဌထု
  လန်ဒန်ဝိဟာရ
 Grey Arrow  သီတင်းသုံးသံဃာတော်များ
 Grey Arrow  ၀ိဟာရ၏နောက်ခံသမိုင်း
 Grey Arrow  ၀ိဟာရ၏တည်နေရာ
 Grey Arrow  ၀ိဟာရ၏ အကျိုးဆောင်များ
 Grey Arrow  ၀ိဟာရသို့ ဆက်သွယ်ရန်
  အလှူဒါနပြုကြသူငါ
 Grey Arrow  ဆွမ်းဆက်ကပ် လှူဒါန်းသူများ
 Grey Arrow  ပစ္စည်းလေးပါးအလှူရှင်များ
 Grey Arrow  ၀ိဟာရပြုပြင်ရန်အလှူရှင်များ
 Grey Arrow  ၀ါဆိုသင်္ကန်းအလှူရှင်များ
 Grey Arrow  ကထိန်သင်္ကန်းအလှူရှင်များ
  စိတ်ဝင်စားစရာ
 Grey Arrow  ဓမ္မစာစောင်များ
 Grey Arrow  တရားတော်များနာယူရန်
 Grey Arrow  ရုပ်မြင်သံကြားတရားတော်များ
 Grey Arrow  ၀ိဟာရ၏ဓါတ်ပုံမှတ်တမ်းများ
 Grey Arrow  ၀ိဟာရ၏ဗီဒီယိုမှတ်တမ်းများ
 Grey Arrow  ရက်ရာဇာပြဿဒါးပြက္ခဒိန်
 
 
Left လွတ်နေသော ကွက်လပ်ကလေး Right
 
မုဒုံဆရာတော်
နေ့တစ်နေ့ လမ်းလျှောက်သွားရင်းနဲ့ အပြန်လမ်းမှာ နှစ်အတော်များများ အသုံးမပြုတော့ပဲ ထားကြတဲ့ Christian သင်္ချင်္ိုင်းအဟောင်း တစ်ခုထဲကို ၀င်ကြည့်မိတယ်။ နေ့စဉ်နေ့တိုင်း အသွားလဲဒီလမ်း အပြန်လဲဒီလမ်းပါပဲ၊ မ၀င်ဖြစ်ခဲ့ပါဘူး။ ဒီနေ့မှ ထူးထူးခြားခြား ၀င်ကြည့်လိုတဲ့စိတ်က တွန်းအားပေးနေလေတော့ ခြေထောက်က သင်္ချင်္ိုင်းဘက်ကို ဦးတည်သွားပါတယ်။ သင်္ချင်္ိုင်းထဲမှာ နေရာတော်တော်များများ ရှင်းထားတာမို့ သွားရတာ အဆင်ပြေပါတယ်။ တစ်ချို့နေရာများမှာတော့ ရှုတ်နေပါသေးတယ်။ မရှင်းရသေးတာလဲ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ သင်္ချင်္ိုင်းထဲက အဆောက်အဦးကြီးကလဲ ပြုပြင်မှု မရှိလေတော့ နွယ်ပင်တွေရစ်သိုင်းပြီး မဲမဲသဲသဲကြီးမို့ သင်္ချိုင်းနဲ့ ပနာရလှပါတယ်။

သင်္ချိုင်းကြီးတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်ပြီး လူရိပ်သူရိပ်တောင် မတွေ့ရပါဘူး။ ချောက်သွေ့လှတဲ့ အနိဋ္ဌာရုံ သင်္ချိုင်းကြီးထဲမှာ ၀င်သွားရတာ ကြောက်တတ်သူတို့အဖို့ တွေးကြောက်စရာ နေရာကြီးပါပဲ။ စာရေးသူကတော့ ငယ်ရွယ်စဉ်ကစ အတွေ့အကြုံကများ ယခုအသက်အရွယ်ကလဲ စကားပြောပြီ ဖြစ်လေတော့ ကြောက်စရာရှိရင် တော်တော်ကို စဉ်းစားပြီးမှ ကြောက်တတ်သူမို့ အဆန်းမဟုတ်တော့ပါဘူး။ ထူးခြားမှုတစ်ခုတော့ ရှိလေရဲ့၊ ကိုယ့်နိုင်ငံက သင်္ချိုင်းတွေမှာလို စိတ်မလှုပ်ရှားမိတာပါပဲ။

နေရာသစ် မြုတ်ထားတာတော့ မရှိပါဘူး။ မြင်မြင်သမျှ အဟောင်းနဲ့ အပျက်တွေချည့်ပါပဲ။ မှတ်တိုင်ကလေးတွေက မတ်မတ်ရတ်ရတ် တစ်ချို့ရှိနေပါသေးတယ်။ တစ်ချို့က ယိုင်လဲလုမတတ်၊ တစ်ချို့က ယိုင်လဲလို့ မြေပေါ်မှာ လည်းလျောင်းလျက်ပါပဲ၊ နှစ်အတော်ကြာကြာ သခင်မေ့လို့ အိပ်နေကြရတဲ့ ပုံစံမျိုးပါ။ ဂူတစ်ချို့မှာတော့ မြေထဲမှာ ကျွန်ဝင်နေကြလေရဲ့၊ တစ်ချို့ကြတော့ ဂလိုင်ပေါက်ကြီးတွေ ဖြစ်နေတာမို့ မြေလျောသတ္တ၀ါကလေးတွေ ၀င်လို့ထွက်လို့ပေါ့။ အော် သံဝေဂယူတတ်ရင်ဖြင့် တကယ်ကို သံဝေဂရစရာ နေရာတစ်ခုပါပဲလား။ အသုံးမပြုပဲ နှစ်တွေကကြာလေတော့၊ အသစ်မှ အဟောင်း၊ ဟောင်းနွမ်းရာမှ ပျက်သဘောတွေ ပြောင်းလဲနေတဲ့ အနိစ္စသင်္ချိုင်းကြီးပါလားလို့ နှစ်လုံးသွင်းမိလိုက်ပါတယ်။

ဝင်သွားရင်းနဲ့ ပုံစံအမျိုးမျိုး လုပ်ထားကြတဲ့ မြေကပ် အုပ်ဂူကလေးတွေမှာ နာမည်အမျိုးမျိုး ရေးထိုးထားတဲ့ စာတွေကို လိုက်လို့ ဖတ်ကြည့်နေမိတာ၊ ကဗျာဆန်ဆန် တွေလဲတွေ့ပါရဲ့၊ လွမ်းမောဘွယ် စာတွေလဲတွေ့ပါရဲ့၊ ဂုဏ်ထူးဘွဲ့ထူးတွေနဲ့ ရေးထားလို့၊ သံဝေဂဖြစ်စရာ စာတွေလဲ တွေ့ရပါတယ်။ နေရာတကျ ပြုလုပ်ထားတဲ့ အုတ်ဂူကလေးတွေ ကြည့်ပြီး၊ ဒီသင်္ချိုင်းကြီးထဲမှာ လူတွေကို မြုတ်ပစ်လိုက်ကြတာ သူတို့ရဲ့ကိုယ်, နုတ်, စိတ်, သုံးပါးနဲ့ လုပ်ခဲ့ကြတဲ့ အကောင်းအဆိုး လုပ်ရပ်တွေကိုတော့ မမြုတ်နိုင်ကြပါလားလို့လဲ၊ စဉ်းစားမိနေပြန်တယ်။

တနေရာမှာတော့ စာတန်းတစ်ခုကို ထူးထူးခြားခြား တွေ့လိုက်ရတယ်။ ၁၆.ဖေဖော်ဝါရီ ၁၉၁၅. { } ၁၁.မေ. ၁၉၇၅. တဲ့ ။ အချိန်ကြာကြာ ရပ်ပြီးစဉ်းစားလို့ ကြည့်နေမိပါတယ်။ ဘာကိုပြောလိုတာလဲ? ဘာကိုရည်ရွယ်တာလဲပေါ့။ သူတို့ ရည်ရွယ်ချက်က ဘယ်လိုရှိသည် ဘာကိုသိစေလိုသည်ကို မသိပါဘူး၊ စရေးသူ စဉ်းစားလို့ သုံးသပ်မိတာကတော့ တိုလှတဲ့ ဒီစာကြောင်းကလေးက တွေးစရာတွေ တစ်ပုံကြီး၊ ဘ၀တစ်ခုလုံးနဲ့ သက်ဆိုင်နေပါလိမ့်မယ်။

အပေါ်တစ်တန်း ရေးထားတာက ၁၆.ဖေဖော်ဝါရီ ၁၉၁၅/ မွေးဖွားသည်။ အောက်ဘက်မှာက ၁၁.မေ.၁၉၇၅/ သေဆုံးသည်ဖြစ်ဖို့ များပါတယ်။

ဒီစာကြောင်းကလေးရဲ့ အပေါ်အောက် နှစ်ခုကြားမှာတော့ ဒီလို { } ကွက်လပ်ကလေးပဲ ပါရှိတယ်။ အဲဒါဟာ စဉ်းစားကြည့်ဖို့ နေရာပေးထားဟန် တူပါရဲ့။ ကွက်လပ်ကလေးက သူ့ဘ၀ရဲ့ အနက်အဓိပ္ပါယ်ပဲလို့ စဉ်းစားမိတယ်။ မွေးဖွားခြင်း နေ့,ရက်,ခုနှစ်နဲ့၊ သေဆုံးခြင်းရဲ့ နေ့,ရက်,ခုနှစ်။ ဒီDate နှစ်ခုအကြားမှာ ကွက်လပ်ကလေး ပေးထားတာဟာ မွေးဖွားခြင်းနဲ့၊ သေဆုံးခြင်းရဲ့ နှစ်ပေါင်း (၆၀) အတွင်းမှာ လူကောင်းလား၊ လူဆိုးလား။ လူလိမ္မာလား၊ လူယုတ်မာလား။ အသိပညာ ဘယ်လောက်တော်၍ ဘယ်လောက်ညံ့ခဲ့တယ်။ ကိုယ့်ကျင့်တရား ဘယ်လောက်ကောင်း၍ ဘယ်လောက်ဆိုးခဲ့တယ်။ အများအကျိုးကို ဘယ်လိုဆောင်ရွက်ခဲ့၍ ဘယ်လိုမျက်နှာလွှဲခဲ့တယ်။ မေတ္တာရှင်ကြီးပါ၊ ဂရုဏာရှင်ကြီးပါလို့ ဆိုတဲ့ ဘ၀ရဲ့ အနက်အဓိပ္ပါယ်တွေ အများကြီး ပါမှာပါပဲ။ သူ့ရဲ့သမိုင်းကို သူကိုယ်တိုင်ရေးထားခဲ့တဲ့ ကွက်လပ်နေရာလေးပဲလို့ သုံးသပ်မိပါတယ်။ ဖတ်တတ်ရင် သေချာတွေ့နိုင်တဲ့ နေရာလေးပါပဲ။

မေးစမ်းပါရစေ အဲဒီလို မွေးဖွားခြင်းနဲ့ သေဆုံးခြင်းရဲ့ ချားကွက်လပ်နေရာလေးမှာ စာဖတ်သူတို့ ဘယ်လိုရေးသွားကြမလဲ။ ဘယ်လိုစာသားတွေ ထည့်သွင်းကြမလဲ။ မေ့နေခဲ့ရင် စဉ်းစားမိကြဖို့ပါ။ လေးလေးနက်နက်လဲ စဉ်းစားစေချင်ပါတယ်။ ကိုယ့်စိတ်ထဲမှာ ကိုယ့်အသိထဲမှာ ပြုပြင်ရဦးမယ် ပြောင်းလဲစရာတွေ ရှိနေပါသေးတယ်လို့များ စဉ်းစားမိကြပါပြီလား?။

လူတိုင်းဟာ အကောင်းချည့် မဟုတ်သလို အဆိုးတွေချည့်လဲ မဟုတ်ကြပါဘူး။ ဒါပေမဲ့ မကောင်းတဲ့သူကတော့ အလွန်များပါလိမ့်မယ်။ မဟာသမုဒ္ဒရာရေကို လက်တခုတ်မျှယူလို့ ရခဲ့ရင်၊ လက်ခုတ်ထဲကရေနဲ့ ကျန်တဲ့ မဟာသမုဒ္ဒရာရေဟာ အဆများစွာ ကွာခြားသလို၊ ဒီကမ္ဘာလောကထဲမှာ လူကောင်းက လက်ခုတ်ထဲက ရေမျှလောက်သာ ဖြစ်ပါလိမ့်မယ်။ ငါကတော့ ကောင်းပါတယ်လို့ ကိုယ့်ကိုကိုယ် ချီးကြူးမစောလိုက်ပါနဲ့ဦး။

ယခုအချိန် စာဖတ်နေသူတို့ရဲ့ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းတို့ အတွင်း၊ ကွက်လပ်ကလေးထဲမှာ ဘယ်ဟာအကောင်း၊ ဘယ်ဟာအဆိုး။ ဘယ်ဟာအမှား၊ ဘယ်ဟာအမှန်။ ကိုးကွယ်အားထားရာ အတုနဲ့ အစစ် ကောင်းစွာခွဲခြားနိုင်တဲ့ အသိကလေးတစ်ခု ဖြည့်ထား ပေးကြပြီးပြီလား?။

နောက်ပြီးတော့ ကိုယ်တူထား၍ ချမ်းသာစေလိုတဲ့ ကိုယ်ချင်းစာတတ်တဲ့ စိတ်ကလေး သွင်းထား ပေးကြ ပြီးပြီလား?။

ဒေါသ, မာန, အာဃာတ,တွေ မရှိပဲ လောကထဲမှာ အတူနေသူတို့အပေါ် နားလည် ခွင့်လွှတ်ပေးနိုင်တဲ့ စိတ်ထားကလေး သွင်းထားပေးကြ ပြီးပြီလား?။

တစ်ယောက်နဲ့ တစ်ယောက်၊ တစ်မိသားစုနဲ့ တစ်မိသားစု၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့၊ တစ်အုတ်စုနဲ့ တစ်အုတ်စု၊ အချင်းချင်း ကျီးကို ဘုတ်ကရိုသေ၊ ဘုတ်ကို ကျီးကရိုသေ ဆိုသလို လေးလေးစားစား ဆက်ဆံပေးခဲ့ကြ ပြီးပြီလား?။

မွေးဖွားခြင်းနဲ့ သေဆုံးခြင်းသည် အဝေးကြီးမဟုတ်ဘူး၊ လက်ဖ၀ါးနဲ့ လက်ဖမိုးလောက်ပါ။ ကွေးထားသောလက် မဆန့်တန်းမီ၊ ဆန့်ထားသောလက် မကွေးလိုက်နိုင်မီ အချိန်တိုတိုလေး အတွင်းမှာ ကုန်ဆုံးလို့ သွားနိုင်တယ်၊ ကုန်ဆုံးလို့သွားနိုင်တယ်လို့ တရားသဘောနဲ့ နှစ်လုံးသွင်း စဉ်းစားကြည့်ကြရအောင်။

စာဖတ်သူတို့ စဉ်းစားနေကြပြီလား? ပြင်ဆင်ကြဖို့ နှလုံးသွင်းပြီလား? စာဖတ်သူတို့ရဲ့ သဘောအတိုင်းသာပါ။ မိတ်ကောင်းတို့ရဲ့ ၀တ္တရားအရ မြင်တဲ့အတိုင်း စဉ်းစားမိတဲ့အတိုင်း သတိပေး ပြောခြင်းသာဖြစ်ပါတယ်။ ကိုယ်သေသွားတဲ့နောက် မွေးဖွားခြင်းနဲ့ သေဆုံးခြင်းတို့ အတွင်း၊ ကွက်လပ်ကလေးထဲမှာ စာတန်းလှလှကလေးတွေ မဖြစ်မှာ မတွေ့ရမှာကို မစိုးရိမ်ကြဘူးလား?

ကြိုတွေးလို့ မပူပန်ကြဘူးလား?

ကျန်ရစ်သူ မိသားစုတို့အတွက် အများသူငါ အကဲ့ရဲ့ မခံရအောင်၊ သားတို့သမီးတို့ ကျန်ရစ်သူကလေးတွေ ကိုယ့်အတွက်နဲ့ မျက်နှာမငယ်ရအောင် သင်ဘာလုပ်သွားသင့်တယ် ထင်ပါသလဲ? အချိန်မှီပါသေးတယ်။

မုဒုံဆရာတော်{၂၇.၀၁.၂၀၁၁}
 
Left   Right
 
 Grey Arrow ဓမ္မစာစောင်များ
 Grey Arrow ဓမ္မသင်တန်း အမှတ်စဉ် (၇)
 Grey Arrow အဆုံးနဲ့ အစ
 Grey Arrow ရောင်စုံည မုဒိတာလမင်း
 Grey Arrow ဓမ္မသင်တန်း အမှတ်စဉ် (၆)
 Grey Arrow စိန်ရတုတိုင် မမေ့နိုင်ပါ
 Grey Arrow ဓမ္မစာစောင်များအပြည်.အစုံသို.
 Grey Arrow ဓမ္မကဗျာများ
 Grey Arrow ကျောင်းအဆောက်အဦအလှူ အကျိုးတရားများ
 Grey Arrow ကထိန်သင်္ကန်းအလှူ အကျိုးတရားများ
 Grey Arrow ဆွမ်းအလှူ အကျိုးတရားများ
 Grey Arrow ဓမ္မကဗျာများအပြည်.အစုံသို.
 Grey Arrow အခြားဖတ်စရာမှတ်စရာများ
 Grey Arrow အင်္ဂလန်ခရီး မပြီးသေးပါ (၂၃)
 Grey Arrow မွေးနေ့မှာ ပေးဖြစ်တဲ့ ကံလက်ဆောင် (၂)
 Grey Arrow ကွန်ပြူတာ၊ ကီးဘုဒ်နှင့် ကြောင်းကျိုးဆက် သဘောတရား
 Grey Arrow တံခါးဝက တရားပြတဲ့ ဂုဏ်ပြုမှတ်တမ်း
 Grey Arrow ငြိမ်းချမ်းခြင်းရသ
 Grey Arrow ဖတ်စရာများအပြည်.အစုံသို.
လန်ဒန်ဝိဟာရ၏ အင်တာနက်စာမျက်နှာများကို အမေ့အိမ် (မြန်မာအစားအစာ) မိသားစုမှ ဖန်တီးလှူဒါန်းပါသည်။
ရရှိသမျှ ကုသိုလ်အဖို့ ကို သြဂုတ်လ ၆ ရက်၊ ၂၀၀၁ နေ့ တွင်ကွယ်လွန်သွားခဲ့သော အမေ့အိမ်၏မိခင်ကြီး ဒေါ်ခင်သန်းနွဲ့ အတွက်ရည်စူးအမျှ ပေးဝေပါသည်။

  Copyright 2017 LONDON VIHARA™ REGISTERED CHARITY NUMBER 284619