Head Banner
   ဗုဒ္ဓသာသနံစိရံတိဋ္ဌထု
  လန်ဒန်ဝိဟာရ
 Grey Arrow  သီတင်းသုံးသံဃာတော်များ
 Grey Arrow  ၀ိဟာရ၏နောက်ခံသမိုင်း
 Grey Arrow  ၀ိဟာရ၏တည်နေရာ
 Grey Arrow  ၀ိဟာရ၏ အကျိုးဆောင်များ
 Grey Arrow  ၀ိဟာရသို့ ဆက်သွယ်ရန်
  အလှူဒါနပြုကြသူငါ
 Grey Arrow  ဆွမ်းဆက်ကပ် လှူဒါန်းသူများ
 Grey Arrow  ပစ္စည်းလေးပါးအလှူရှင်များ
 Grey Arrow  ၀ိဟာရပြုပြင်ရန်အလှူရှင်များ
 Grey Arrow  ၀ါဆိုသင်္ကန်းအလှူရှင်များ
 Grey Arrow  ကထိန်သင်္ကန်းအလှူရှင်များ
  စိတ်ဝင်စားစရာ
 Grey Arrow  ဓမ္မစာစောင်များ
 Grey Arrow  တရားတော်များနာယူရန်
 Grey Arrow  ရုပ်မြင်သံကြားတရားတော်များ
 Grey Arrow  ၀ိဟာရ၏ဓါတ်ပုံမှတ်တမ်းများ
 Grey Arrow  ၀ိဟာရ၏ဗီဒီယိုမှတ်တမ်းများ
 Grey Arrow  ရက်ရာဇာပြဿဒါးပြက္ခဒိန်
 
 
Left သွားမလား နားမလား? Right
 
မုဒုံ ဆရာတော်
တချိန်သော အခါက ခရီးတခုကို အဖော်ကလဲ မလိုလို့ တယောက်ထည်း သွားရောက်ခဲ့ဘူးတယ်၊ သွားတဲ့ ခရီးလမ်းက များသောအားဖြင့် လူတွေမသွားချင်ကြတဲ့ ခရီးတခုပဲ ဘာ့ကြောင့်လဲဆိုတော့ မြို့မရှိ၊ ရွာမရှိ၊ ကျောင်းမရှိ၊ အိမ်မရှိ၊ လူမရှိ၊ စားသောက်စရာ ဈေးဆိုင်ကလည်းမရှိ၊ ဘာဆိုဘာမှ မရှိဘူး၊ ခရီးကလဲ ကြမ်းလိုက်တာ လူတွေဒီခရီးကို မသွားချင်ကြတာ ယခုမှ သဘောပေါက်တယ်၊ ခရီသွား အတွေ့ အကြုံနည်းပါး နေသေးတဲ့ ကျနော့် အဖို့ မှာကတော့ သဘောကျစရာတွေ တွေ့ရသလို မနှစ်မြို့စရာတွေကလဲ အများကြီးပါ၊၊

တွေ့တွေ့သမျှတွေကတော့ ကျနော်အဖို့ အထူးထူး အဆန်းဆန်းတွေချည့် ဖြစ်နေတာပါပဲ၊ ရှေ့ကိုမျှော်ကြည့်လိုက်တော့ လမ်းကြီးက ဖြူးလို့ဖြောင့်လို့။ ဘယ်လောက် အတိုင်းအတာအထိ ရှည်လျားလိမ့်မယ် ဆိုတာကိုတော့ မှန်းဆလို့ မရဘူး။

ကျနော့်ရဲ့ ရှေ့ခရီး သွားစရာကလဲ ဒီတလမ်းပဲ တွေ့တယ်၊ လိုရာရောက်အောင် သွားမယ်လို့ မိမိစိတ်က ဆုံးဖြတ်ထားပြီးဖြစ်လို့ မငြီးမညူ မပျင်းမရိ သွားလိုက်တာ ခရီးတော်တော် ပေါက်ခဲ့တယ်၊ ရောက်ခဲ့တယ်။

ပင်ပန်းတယ် မောတယ် မထင်ရပေမဲ့ ပင်ပန်းနေပါတယ်၊ ချွေးတွေကလဲရွှဲလို့၊ ရှေ့ဆက်သွားရမည့် ခရီးအတွက် စိတ်က ချီတုံချတုံနဲ့ နားနေမလား သွားမလားပေါ့။ စိတ်က အာရုံတခုဆီကိုတော့ ညွတ်နေမိတယ်၊ ဘယ်အာရုံ ဘယ်သဘော ဆိုတာကိုတော့ ပြောမပြတတ်ပါဘူး။

တစုံတခု သို့မဟုတ် နေရာသစ် ဌာနသစ် တခုဆီသို့ ဆိုတာ အသေအချာ သိနေပါတယ်၊ စိတ်ရဲ့ ဦးတည်ညွတ်နေတဲ့ အဲဒီ နေရာဟာ ကျနော့်အတွက် အမှန်ပင် ကောင်းကျိုးပေးလိမ့်မယ်လို့ ကျနုပ်စိတ်က အကြွင်းမဲ့ ယုံကြည်နေမိပါတယ်။

ကိုယ့်စိတ်ကို တင်းတင်းထားလို့ ရှေ့ဆက်သွားလိုက်တာ တစုံတခု ဟော တွေ့ရပါပြီ ရှေ့မှာ တစုံတခုပါပဲ၊ ထင်ထင်ရှားရှားကြီးတော့ မမြင်ရသေးဘူး၊ မသဲကွဲသေးဘူး၊ ငြိမ်မနေပဲ လှုပ်နေတာတော့ သိပါတယ်၊ တခုထဲမဟုတ်တော့ဘူး အများကြီးပါလား၊ များတာမှ တော်တော်ကို များပါတယ်၊ တခုနှစ်ခုလို့ ရေတွက်လို့ မရအောင်ပါပဲ၊ ကြည့်ရတာ တမျိုးပါလား နီးလိုက် ဝေးလိုက် လင်းလိုက် မှိန်လိုက်နဲ့ မျက်စေ့တွေ ဝေချင်သလို ခေါင်းတွေမူးချင်သလိုနဲ့ အနေခက်လိုက်တာ ဒီနေရာမှာ ခဏလောက် နားနေရရင် ကောင်းမလားလို့ စိတ်ဖြစ်လာမိတယ်။ အချိန်ကလဲ နဲနေပြီ နေ၀င်တော့မယ် မှောင်တော့မယ်၊ ငါဘာလုပ်မလဲ ဘယ်လိုဆုံးဖြတ်မလဲ၊ အဖြေတခုတော့ ပေးရတော့မယ်၊ သွားမလား နားမလား။
 
Left   Right
 
 Grey Arrow ဓမ္မစာစောင်များ
 Grey Arrow ဓမ္မသင်တန်း အမှတ်စဉ် (၇)
 Grey Arrow အဆုံးနဲ့ အစ
 Grey Arrow ရောင်စုံည မုဒိတာလမင်း
 Grey Arrow ဓမ္မသင်တန်း အမှတ်စဉ် (၆)
 Grey Arrow စိန်ရတုတိုင် မမေ့နိုင်ပါ
 Grey Arrow ဓမ္မစာစောင်များအပြည်.အစုံသို.
 Grey Arrow ဓမ္မကဗျာများ
 Grey Arrow ကျောင်းအဆောက်အဦအလှူ အကျိုးတရားများ
 Grey Arrow ကထိန်သင်္ကန်းအလှူ အကျိုးတရားများ
 Grey Arrow ဆွမ်းအလှူ အကျိုးတရားများ
 Grey Arrow ဓမ္မကဗျာများအပြည်.အစုံသို.
 Grey Arrow အခြားဖတ်စရာမှတ်စရာများ
 Grey Arrow အင်္ဂလန်ခရီး မပြီးသေးပါ (၂၃)
 Grey Arrow မွေးနေ့မှာ ပေးဖြစ်တဲ့ ကံလက်ဆောင် (၂)
 Grey Arrow ကွန်ပြူတာ၊ ကီးဘုဒ်နှင့် ကြောင်းကျိုးဆက် သဘောတရား
 Grey Arrow တံခါးဝက တရားပြတဲ့ ဂုဏ်ပြုမှတ်တမ်း
 Grey Arrow ငြိမ်းချမ်းခြင်းရသ
 Grey Arrow ဖတ်စရာများအပြည်.အစုံသို.
လန်ဒန်ဝိဟာရ၏ အင်တာနက်စာမျက်နှာများကို အမေ့အိမ် (မြန်မာအစားအစာ) မိသားစုမှ ဖန်တီးလှူဒါန်းပါသည်။
ရရှိသမျှ ကုသိုလ်အဖို့ ကို သြဂုတ်လ ၆ ရက်၊ ၂၀၀၁ နေ့ တွင်ကွယ်လွန်သွားခဲ့သော အမေ့အိမ်၏မိခင်ကြီး ဒေါ်ခင်သန်းနွဲ့ အတွက်ရည်စူးအမျှ ပေးဝေပါသည်။

  Copyright 2017 LONDON VIHARA™ REGISTERED CHARITY NUMBER 284619